ပင်မစာမျက်နှာ / အိုင်တီမြန်မာအကြောင်း

📖 အိုင်တီမြန်မာ
(Infotech Myanmar)

၁၀ နှစ်ကျော် အတွေ့အကြုံရှိ ယုံကြည်စိတ်ချရသော IT Solution Provider

0940 0000 876 (+95)

အိုင်တီမြန်မာ (IT Myanmar) ကို မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် နည်းပညာအချက်အချာ ဖြစ်သော ဆိပ်ကမ်းသာလမ်း (ကွန်ပျူတာလမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ယနေ့အချိန်အထိဆိုရင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိသော IT Solution Provider အဖြစ် ရပ်တည်လာခဲ့ပါသည်။

၁၀+ နှစ်အတွေ့အကြုံ
၁၀၀+ ကျောင်းများ
ရေရှည်မိတ်ဖက်များ
ရိုးသားမှု
ပွင့်လင်းမှု
လေးစားမှု

“နည်းပညာကို ရောင်းချခြင်း” ထက် “လုပ်ငန်းအတွက် အမှန်တကယ် အကျိုးရှိစေခြင်း” ကို အဓိကရည်ရွယ်ချက်အဖြစ် ခံယူထားပါသည်။

Our Story

အိုင်တီမြန်မာ (IT Myanmar) ပေါ်ပေါက်လာပုံ

အိုင်တီမြန်မာ (IT Myanmar) ကို မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် နည်းပညာအချက်အချာ ဖြစ်သော ဆိပ်ကမ်းသာလမ်း (ကွန်ပျူတာလမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ယနေ့အချိန်အထိဆိုရင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိသော IT Solution Provider အဖြစ် ရပ်တည်လာခဲ့ပါသည်။

စတင် တည်ထောင်ချိန်မှစ၍ အိုင်တီမြန်မာသည် “နည်းပညာကို ရောင်းချခြင်း” ထက်“လုပ်ငန်းအတွက် အမှန်တကယ် အကျိုးရှိစေခြင်း” ကို အဓိကရည်ရွယ်ချက်အဖြစ် ခံယူထားခဲ့ပါသည်။ လုပ်ငန်းရှင်များ၏ အခက်အခဲများ နှင့် လက်တွေ့လိုအပ်ချက်များကို အရင်ဆုံး နားထောင်ဆွေးနွေးပြီး၊ ထိုနောက်မှ လက်တွေ့အသုံးချနိုင်ပြီး အကျိုးဖြစ်ထွန်းစေသော Digital & IT Solution ဝန်ဆောင်မှုများကို တစ်ဆင့်ချင်း စနစ်တကျ အကြံပြု အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏  စွမ်းဆောင်ရည်များ
၁၀+
နှစ်အတွေ့အကြုံ
၁၀၀+
ကျောင်းများ
၁,၀၀၀+
ဆရာ/မများ
၂၄/၇
ပံ့ပိုးကူညီမှု
ကျွန်ုပ်တို့၏  အခြေခံတန်ဖိုးများ

ရိုးသားကြိုးစားမှု

ပါဝင်သူအားလုံးအနေဖြင့် ရိုးသားကြိုးစားမှု၊ အပြန်အလှန်လေးစားမှု၊ ပွင့်လင်းမြင်သာမှု စသည့် အခြေခံစံတန်ဖိုးများကို အစဉ်အမြဲ တန်ဖိုးထား စောင့်ထိန်းကြစေရန် တိုက်တွန်းအားပေးပါသည်။

စွမ်းဆောင်ရည်မြင့်မား

အိုင်တီနည်းပညာ၊ မားကက်တင်းရှုထောင့်၊ စီမံခန့်ခွဲမှုရှုထောင့်၊ နှင့် ယနေ့ခေတ် လုပ်ငန်းများ၏ လက်တွေ့အသုံးပြုမှုကို အခြေခံ၍ စွမ်းဆောင်ရည်မြင့်မားသော စနစ်များကို ဖန်တီးပါသည်။

ရေရှည်လက်တွဲဖော်

ကာစန်မာ တစ်ဦးချင်းစီကို တဒင်္ဂဆက်ဆံရေးအဖြစ် မမြင်ပဲ၊ ရေရှည် လက်တွဲသွားမည့် လုပ်ငန်းမိတ်ဆွေမွန်များအဖြစ် အမြဲ လေးစာဆက်ဆံပါသည်။

ကျွန်ုပ်တို့၏  တရားဝင်ဝက်ဘ်ဆိုက်

အိုင်တီမြန်မာ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ ထုတ်ကုန်များနှင့် နောက်ဆုံးရသတင်းများကို လေ့လာနိုင်ပါသည်။

ကျွန်ုပ်တို့၏  ကတိကဝတ်များ

ဆွေးနွေးအကြံပြုခြင်းနှင့် လမ်းညွှန်ပေးခြင်း

လုပ်ငန်းရှင်များ၏ အခက်အခဲများနှင့် လက်တွေ့လိုအပ်ချက်များကို နားထောင်ဆွေးနွေးပြီး လက်တွေ့အသုံးချနိုင်သော နည်းပညာများကို လမ်းညွှန်ပေးပါသည်။

အလုပ်အပ်နှံမှုများကို တာဝန်ယူဆောင်ရွက်ခြင်း

အလုပ်အပ်နှံမှုများကို တာဝန်ယူ၍ စနစ်တကျ ဆောင်ရွက်ပေးပြီး ပရောဂျက်အစမှ စနစ်အသုံးပြုမှုအဆုံးအထိ တာဝန်ယူပါသည်။

Customer Service နှင့် နည်းပညာအထောက်အပံ့

ကာစန်မာ စနစ်အသုံးပြုမှုအတွက် Customer Service နှင့် နည်းပညာအထောက်အပံ့များကို အချိန်နှင့်တပြေးညီ ပေးအပ်ပါသည်။

အချိန်နှင့်တပြေးညီ ဖြေရှင်းပေးခြင်း

အခက်အခဲများ၊ ဆွေးနွေးတိုင်ပင်မှုများကို အချိန်နှင့်တပြေးညီ လက်ခံဖြေရှင်းပေးပြီး လုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် ကူညီပါသည်။

ကျွန်ုပ်တို့၏  ထုတ်ကုန်များ

🚛 MCL Logistics

Carrier လုပ်ငန်းများအတွက် အကိုက်ညီဆုံး Logistics IT Solution

Real-time ခြေရာခံ
Pre-paid/COD စနစ်
Multi-currency
Web + Mobile App

📚 SarKyiTite

အွန်လိုင်းပညာရေး ပလက်ဖောင်းနှင့် သင်ထောက်ကူ Mobile App များ

မြန်မာ-ဂျပန် အဘိဓာန်
JLPT လေ့ကျင့်ရေး App
သင်ထောက်ကူ App များ

🎁 2026 Special Offer

နှစ်စပိုင်း အထူးဦးစားပေး ကမ်းလှမ်းမှုများ

MCL Logistics 20% OFF MyanMenu POS 10% OFF ERP + Ecommerce 10% OFF
ကျွန်ုပ်တို့၏  မျှော်မှန်းချက်

"ကျွန်ုပ်တို့ IT Myanmar သည် ယနေ့ခေတ် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများအတွက် အမှန်တကယ် အကျိုးရှိစေနိုင်သော Digital & IT နည်းပညာများကို ဆန်းသစ်တီထွင် ဖန်တီးပေးနေသော ယုံကြည်လေးစားအပ်နှံနိုင်သည့် (Admirable & Respected) IT Solution Provider ဖြစ်လာရန်ကို ရှုမြင်ပါသည်။"

ထို့အပြင် ကျွန်ုပ်တို့ IT Myanmar သည် ပါဝင်သူအားလုံးအတွက် ကောင်းမွန်သော Work Environment နှင့် Happy Community ကို အတူတကွ တည်ဆောက်သွားရန် ရှုမြင်ပါသည်။